Local News

ဧည့်မထဆန် (သစ်)၊ ပေါ်ဆန်းမွှေးဆန် (ဟောင်း)နှင့် ဆန်ကွဲဈေးများ ကျဆင်းကာ ဧည့်မထဆန် (ဟောင်း)၊ ပေါ်ဆန်းမွှေးဆန်(သစ်)နှင့်ဖွဲနုဈေးများ တည်ငြိမ်လျက်ရှိ

Last Updated:

ပဲခူးတိုင်းဒေသကြီးအနေဖြင့် ဆန်မျိုးစုံရောင်းဝယ်မှုအပိုင်းကဏ္ဍတွင် ကုန်ကြမ်းအနည်းအများ၊ ရန်ကုန်ဝယ်လက်နှင့် သုံးစွဲသူတို့၏  ဝယ်လိုအားအနည်းအများအပေါ်တွင် မူတည်၍ ဆန်နှင့်ဆန်ကွဲ၊ ဖွဲနုဈေးများ အတက်အကျ ဖြစ်ပေါ်လျက်ရှိပါသည်။

ပဲခူးကုန်စည်ဒိုင်အနေဖြင့် ဆန်မျိုးစုံအရောင်းအဝယ်ဖြစ်လျက်ရှိရာ (၇.၃.၂၀၂၅)ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ် ၈၀၀၀၀ကျပ်၊ ဧည့်မထဆန် (မနောသုခ)(သစ်)တစ်အိတ် ၇၅၀၀ဝကျပ်၊ ပေါ်ဆန်းမွှေးဆန်(ဟောင်း) တစ်အိတ် ၁၃၀၀၀ဝကျပ်၊ ပေါ်ဆန်းမွှေးဆန်(သစ်)တစ်အိတ် ၁၂၀၀၀၀ကျပ်၊ ဆန်ကွဲB(1,2)တစ်အိတ် ၅၃၀၀ဝကျပ်၊ ဆန်ကွဲ B(2,3,4)တစ်အိတ် ၅၁၀၀ဝကျပ်နှင့် ဖွဲနု တစ်အိတ် ၂၁၀၀၀ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ (၂၁.၃.၂၀၂၅)ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ် ၈၀၀၀၀ကျပ်၊ ဧည့်မထဆန် (မနောသုခ)(သစ်)တစ်အိတ် ၇၀၀၀ဝကျပ်၊ ပေါ်ဆန်းမွှေးဆန်(ဟောင်း) တစ်အိတ် ၁၂၀၀၀ဝကျပ်၊ ပေါ်ဆန်းမွှေးဆန်(သစ်)တစ်အိတ် ၁၂၀၀၀၀ကျပ်၊ ဆန်ကွဲB(1,2)တစ်အိတ် ၄၅၀၀ဝကျပ်၊ ဆန်ကွဲ B(2,3,4)တစ်အိတ် ၄၃၀၀ဝကျပ်နှင့် ဖွဲနု တစ်အိတ် ၂၁၀၀၀ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

ယခုတစ်ပတ် ကာလတူနှိုင်းယှဉ်ချက်အရ ဧည့်မထဆန်(မနောသုခ)(သစ်) တစ်အိတ် ၅၀၀၀ ကျပ် ပေါ်ဆန်းမွှေးဆန်(ဟောင်း) တစ်အိတ် ၁၀၀၀၀ကျပ်၊ ဆန်ကွဲB(1,2)တစ်အိတ် ၈၀၀၀ကျပ်နှင့် ဆန်ကွဲB(2,3,4)တစ်အိတ် ၈၀၀၀ကျပ်  ဈေးကျကာ ဧည့်မထဆန်(မနောသုခ)(ဟောင်း)၊  ပေါ်ဆန်းမွှေး ဆန်(သစ်) နှင့် ဖွဲနုဈေးများ တည်ငြိမ်လျက်ရှိပါသည်။ ဧည့်မထဆန် (မနောသုခ)(သစ်)၊ ပေါ်ဆန်းမွှေး ဆန်(ဟောင်း)၊ ဆန်ကွဲB(1,2)နှင့် ဆန်ကွဲB(2,3,4)တို့ ဈေးကျသွားခြင်းမှာ ကုန်ကြမ်း များပြားလျက်ရှိပြီး ဝယ်လိုအားနည်းခြင်းကြောင့် ဈေးကျဆင်းသွားခြင်းဖြစ်ပါကြောင်း ပဲခူးကုန်စည်ဒိုင်ဥက္ကဋ္ဌထံမှ သိရှိရပါသည်။

ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

 

 

Category: Local News